Skip nav label

Soulful Spaces

Joyful Living

၂၀၂၆ အရောင်ချပ်၏ အရောင် Theme သုံးမျိုးထဲမှ တစ်ခု

Joyful Living

ရိုးရှင်းသောနေထိုင်မှုဘဝပုံစံကိုထင်ဟပ်သောအရောင်များ

Jotun 2026 အရောင်ချပ်တွင် အဓိကအရောင် Theme သုံးမျိုးထဲမှ တစ်ခုအနေဖြင့် Joyful Living သည် သဘာဝတရားမှ အတုယူထားသော အရောင်အရိပ်များဖြစ်သည့် လတ်ဆတ်သောသစ်ရွက်စိမ်းရောင်များ၊ နူးညံ့သိမ်မွေ့သောပန်းရောင်ဖျော့ဖျော့နှင့် မြေကြီးအရောင်နုများဖြင့် အိမ်တွင်းခန်းများကို ကျက်သရေရှိစေသည်။ ဤအရာများသည် ကျေးလက်ဒေသအလှတရားနှင့် ခေတ်မီဆန်းပြားမှုတို့ကို ပေးစွမ်းနိုင်သော တောက်ပပြီး မျှော်လင့်ချက်ရှိသော အရောင်များဖြစ်သည်။

သဘာဝတရားအား အခြေခံ၍

သဘာဝတရားအားထွေးပွေ့ပါ။ Joyful Living အရောင်အုပ်စုတွင် သဘာဝမှအသွင်ယူဖန်တီးထားသော လတ်ဆတ်သည့်အစိမ်းရောင်များ၊ ပန်းရောင်နုများနှင့် မြေသားဆန်သော အရောင်နုများ စသည့်အရောင်မျိုးစုံပါဝင်ပါသည်။ လိုက်ဖက်ညီလိုက်ဖက်ညီပြီး နွေးထွေးသောနေရာကို ဖန်တီးကာ အခြားသော လတ်ဆတ်သော အရောင်များနှင့် အလွယ်တကူ ရောစပ်နိုင်သော ဤတက်ကြွပြီး သဘာဝအရောင်များဖြင့် သင့်အိမ်ထဲသို့ ဆောင်ကြဉ်းပေးပါ။

 

နံရံ: Gleam
တံခါး: Seaweed Green
ဘောင်အနားသတ်များ: Skylight

သဘာဝတရားအား အခြေခံ၍

အရောင် Theme များ

သင်ကြည့်ခဲ့သော 8 မှ 8 အထိ အရောင်များ

နွေးထွေးပြီးကြိုဆိုသော

နွေးထွေးပြီးကြိုဆိုသော ဝန်းကျင်အားဖန်တီးကာ မိမိကိုယ်ကို ချစ်မြတ်နိုးလိုက်ပါ။ Joyful Living အရောင်အုပ်စုအောက်တွင်ပါဝင်သော Mild Ochre နှင့် Ochre Clay ကဲ့သိုအရောင်များသည် ရိုးရှင်းသောဘဝနေထိုင်မှုပုံစံကို သယ်ဆောင်လာပြီး စစ်မှန်သော ပျော်ရွင်မှုနှင့် သက်တောင့်သက်သာဖြစ်မှုကို သင့်ထံသို့ ဖော်ဆောင် ပေးပါလိမ့်မည်။

သဘာဝတရားက သင့်ကို လမ်းပြပါစေ။

Joyful Living အရောင်အုပ်စုဖြင့် သဘာဝတရားအား သင့်ထံသို့ ဖိတ်ခေါ်လိုက်ပါ။ သင့်ပတ်ဝန်းကျင်တွင် သဘာဝဆန်သောအရောင်များ ဝန်းရံကာ အပြင်လောကနှင့် ကာရံညီသော အိမ်တွင်းပတ်ဝန်းကျင်ကို ဖန်တီးလိုက်ပါ။

ရိုးမသွားနိုင်သော ကျက်သရေရှိမှု

Joyful Living အရောင်အုပ်စု၏ သဘာဝအရောင်အရိပ်များသည် ကျေးလက်ဒေသကို အမှတ်ရစေကာ ကျေးလက်၏ ကျက်သရေကို ဆောင်ကြဉ်းပေးသည်။ ဤသည်မှာ သဘာဝ၏အရောင်များဖြင့် အလှဆင်ထားသော ရိုးရှင်းသော လူနေမှုပုံစံကို ဂုဏ်ပြုသည့်အနေဖြင့် ခေတ်မီပြီး ဆန်းသစ်သော ထုတ်ဖော်ပြသမှုတစ်ခုဖြစ်သည်။

ဆေးသားအမှိန် (Matt) ဖြင့် ရိုးမသွားနိုင်သော ကျက်သရေရှိမှု

အလင်းမပြန်သည့် Matte ဆေးသားအမှိန်များသည် တိတ်ဆိတ်ငြိမ်သက်ပြီး ကျက်သရေရှိကာ အချိန်မကုန်နိုင်သော ခံစားချက်ကို တိုးမြင့်စေသည်။ ၎င်းတို့သည် အခန်းတစ်ခုအတွင်း အနက်ရောင်ကို ပေါင်းထည့်ခြင်းဖြင့် ပရိဘောဂအတွက် ပြီးပြည့်စုံသော နောက်ခံကို ဖန်တီးကာ အိမ်ပိုင်ရှင်၏ ကိုယ်ရည်ကိုယ်သွေးကို မီးမောင်းထိုးပြနေပါသည်။

 

Majestic True Beauty Matt သည်ချောမွေ့သောဆေးသားအဆုံးသတ်နှင့် အလင်းပြန်ခြင်းမရှိသည့် အထက်တန်းဆန်မှုကို ပေးစွမ်းသည့် ကျွန်တော်တို့၏ အလှပဆုံးဆေးဖြစ်ပါသည်။ ကတ္တီပါသားကဲ့သို့ နူးညံချောမွေ့သည့် ဆေးသားအဆုံးသတ်သည် သင့်အိမ်တွင်းဝန်းကျင်သို့ အဆင့်မြင့်တင်ပေးပြီး ခမ်းနားမှုကို သယ်ဆောင်လာပေးပါသည်။

Soulful Spaces မှ အရောင် Theme များ

အကူအညီလိုအပ်ပါသလား?

ကိုယ်စားလှယ်ဆိုင်ကိုရှာရန်

သင့်အိမ်နှင့်အနီးဆုံးကိုယ်စားလှယ်ဆိုင်ကိုရှာဖွေပြီး Jotun အရောင်ပြစင်များ အားကိုယ်တိုင်ကြည့်လိုက်ပါ။

Find the Jotun dealer closest to you
Find the Jotun dealer closest to you