Skip nav label

ခေတ်ကာလပြောင်းလဲသွားသည့်တိုင် ရိုးမသွားနိုင်သော အရောင်ချပ်

ခေတ်ကာလပြောင်းလဲသွားသည့်တိုင် ရိုးမသွားနိုင်သော Neutral အိပ်ခန်းအရောင်များ

Timeless and neutral bedroom colours

လိုက်ဖက်ညီသော အိပ်ခန်းတစ်ခုအတွက် အဆင့်အတန်းမြင့် Neutral အရောင်များ

လိုက်ဖက်ညီသော Neutral ဝန်းကျင်တစ်ခု ဖန်တီးရန် သင်ဖော်ဆောင်လိုသော စိတ်ခံစားမှုကို ရောင်ပြန်ဟပ်သည့် ဂရုတစိုက်ရွေးချယ်ထားသော အရောင်များကို ရွေးချယ်ပါ။ နွေးထွေးပြီး အဆင့်အတန်းမြင့်သော ခံစားမှုရရှိရန် နွေးထွေးသော Beiges & Greige အရောင်များကို ရွေးချယ်ပါ၊ (သို့)သန့်ရှင်းပြီး အေးမြသော ဝန်းကျင်အတွက် အဖြူနှင့် မီးခိုးရောင်များကို ရွေးချယ်နိုင်ပါသည်။

ခေတ်ကာလပြောင်းလဲသွားသည့်တိုင် ရိုးမသွားနိုင်သော Neutral အိပ်ခန်းအရောင်များ

လန်းဆန်းပြီး ဟန်ချက်ညီသော ဘဝအတွက် အခြေခံ

သင့်အိမ်သည် စိတ်အေးလက်အေး နားခန်းတစ်ခုဖြစ်သင့်ပါသည် — သင်အမှန်တကယ် အနားယူ၍ စိတ်ငြိမ်းချမ်းမှုကို ရှာဖွေနိုင်သော နေရာတစ်ခုဖြစ်ပါသည်။ ထိုသို့သော နေရာတွင် အိပ်ခန်းထက် ပိုအရေးကြီးသော အခန်းမရှိပါ။ ကျွန်တော်တို့သည် အိပ်ခန်းတွင်သာ အားအင်ပြန်လည်ဖြည့်တင်းကာ နေ့စဉ်ဘ၀၏တောင်းဆိုမှုများအတွက် ကိုယ့်ကိုယ်ကိုပြင်ဆင်ကြပါသည်။ အနားယူအိပ်စက်ခြင်းသည် ဇိမ်ခံခြင်းတစ်ခုမဟုတ်ပါ၊ အိပ်ခန်းသည် လန်းဆန်းပြီး ဟန်ချက်ညီသော ဘဝအတွက် အခြေခံအုတ်မြစ်ပင် ဖြစ်ပါသည်။

သင့်အိပ်ခန်းကို ဆေးသုတ်ရန် အကြံပြုချက်များ

  • သင့်အိပ်ခန်းတွင် နူးညံ့ပြီး စိတ်ငြိမ်းချမ်းစေသော ဝန်းကျင်ကို ဖန်တီးရန် Matt ဆေးသား (အမှိန်) ကို ရွေးချယ်ပါ။

  • လှပစွာ လိုက်ဖက်ညီသော ဒီဇိုင်းအတွက် ကြမ်းခင်းများ၊ အိပ်ရာခင်းများနှင့် ခေါင်းအုံးများကဲ့သို့သော ကိုက်ညီသည့် ချည်ထည်ပစ္စည်းများဖြင့် နံရံအရောင်များကို ညှိယူပါ။

  • ဆေးမသုတ်မှီ သင်ရွေးထားသောအရောင်ကို သင်နှင့် အနီးဆုံး Jotun ကိုယ်စားလှယ်ဆိုင်များမှ နမူနာဆေးဘုတ်ပြားများ ကြည့်ရှု့နိုင်ပါသည်။

အခြားအိပ်ခန်းအရောင်ချပ်များအား ရှာဖွေပါ။

သင့်အတွက် အကောင်းဆုံးအိပ်ခန်းအရောင်ကို ရှာဖွေလိုက်ပါ။ ကျွန်ုပ်တို့၏ အရောင်ကျွမ်းကျင်ပညာရှင်များ ရွေးချယ်ထားသော အလှပဆုံး အရောင်အစပ်များကို ဤနေရာတွင် ဝင်ရောက်လေ့လာပါ။

Discover more bedroom palettes

အတုယူအလှဆင်ရန် အခန်းပုံများ

အိပ်ခန်း စိတ်ကူးစိတ်သန်း ပုံရိပ်များ

ကျွန်ုပ်တို့၏ အိပ်ခန်းပုံရိပ် ၁၄၀+ ကျော်၊ အရောင်ချပ်များနှင့် ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များကို စူးစမ်းလိုက်ပါ။ သင့်ကိုယ်ပိုင် ဟန်ကိုထင်ဟပ်စေပြီး အနားယူအိပ်စက်မှုကို ပံ့ပိုးပေးသော နေရာတစ်ခုကို ဖန်တီးရန် အကူအညီရယူလိုက်ပါ။

သင့်အိပ်ခန်းအတွက်ထုတ်ကုန်များ

ခေတ်ကာလပြောင်းလဲသွားသည့်တိုင် ရိုးမသွားနိုင်သော Neutral အိပ်ခန်းအရောင်များကို ရှာဖွေပါ။

Egg White၊ Cashew၊ Wild Earl၊ Sandbeige၊ Shade နှင့် Velvet Grey ကဲ့သို့သော ရွေးချယ်စီစဉ်ထားသည့် အရောင်များဖြင့် နွေးထွေးသော (သို့) အေးမြသော ဝန်းကျင်ကို ဖန်တီးရန် အရောင်များကို စူးစမ်းလေ့လာပါ — သင့်အိပ်ခန်းကို အေးချမ်းငြိမ်းသက်သော စိတ်အေးလက်အေးနားခန်းတစ်ခုအဖြစ် ပြောင်းလဲရန် ဒီဇိုင်းထုတ်ထားပါသည်။

အကူအညီလိုအပ်ပါသလား?

ကိုယ်စားလှယ်ဆိုင်ကိုရှာရန်

သင့်အိမ်နှင့်အနီးဆုံးကိုယ်စားလှယ်ဆိုင်ကိုရှာဖွေပြီး Jotun အရောင်ပြစင်များ အားကိုယ်တိုင်ကြည့်လိုက်ပါ။

Find the Jotun dealer closest to you
Find the Jotun dealer closest to you