Skip nav label

Soulful Spaces

Jotun ၏ ၂၀၂၆ အရောင်များစုစည်းမှုများမိတ်ဆက်ခြင်း

ဤလှပသည့် အရောင်၂၄ ရောင်အားအနီးကပ်ကြည့်ရှု့ပြီး မည်သို့ဖန်တီးခဲ့သလဲဆိုသည်ကိုလေ့လာလိုက်ပါ။
2951 Sophisticated Red

12 Jan 2026

ဖတ်ရန်ကြာချိန် ၅ မိနစ်

၂၄ ရောင်၊ Theme ၃ မျိုး

Soulful Spaces ဟုခေါ်သည့် ၂၀၂၆ အရောင်ချပ်အသစ်တွင် လှပသည့် အရောင် ၂၄ ရောင်ဖြင့် မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး ၄င်းအရောင်များအား Passage of Time ၊ Art of Stillness နှင့် Joyful Living ဆိုသည့် ထူးခြားသော Theme သုံးမျိုးဖြင့် ဂရုတစိုက်သေချာစွာ စုစည်းထားပါသည်။ အရောင်ချပ်အသစ်အား ကြည့်လိုက်ပါ။

image
image

Charleston မှ ဖန်တီးမှု

ကျွန်ုပ်တို့၏ 2026 အရောင်စုဆောင်းမှုကို ဖန်တီးသည့်လုပ်ငန်းစဉ်တွင်၊ ကျွန်ုပ်တို့၏ကျွမ်းကျင်ပညာရှင်များသည် အင်္ဂလန်နိုင်ငံ၊ East Sussex ရှိ Charleston Farm သို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ အနုပညာရှင်များ Vanessa Bell နှင့် Duncan Grant တို့၏အိမ်သည်တစ်ချိန်က Charleston သည် Virginia Woolf အပါအဝင်တိုးတက်သောတွေးခေါ်ရှင်များနှင့်အနုပညာရှင်များပါ၀င်သော Bloomsbury Group ၏ဖန်တီးမှုဗဟိုချက်ဖြစ်သည်။

Charlston Farmhouse
Charleston Farmhouse in East Sussex, England.
Charlston Farmhouse
Charleston Farmhouse in East Sussex, England.

အရောင်တွေက ဇာတ်လမ်းကို ပြောပြပါစေ။

ဤစိတ်အားထက်သန်သောလည်ပတ်မှုသည် အရောင်သည် အလှဆင်ရုံသာမက—၎င်းသည် သင့်ဇာတ်လမ်းကို ပြောပြရန်နည်းလမ်းတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့အား သတိပေးခဲ့သည်။ Charleston သည် ရဲရင့်သော တီထွင်ဖန်တီးနိုင်စွမ်းနှင့် တစ်သီးပုဂ္ဂလသဘောကို ထင်ဟပ်သကဲ့သို့၊ The Soul-Nourishing Home သည် သင့်ကိုယ်ပိုင်စတိုင်ကို အမှန်တကယ်ထင်ဟပ်စေမည့် အိမ်တစ်လုံးကို ဖန်တီးရန် သင့်ကို ဖိတ်ခေါ်ပါသည်။

“အရောင်သည် အလှဆင်ရန် သက်သက်သာမဟုတ်ပါ။ သင့်ဘဝဇာတ်လမ်းများအား ပြောပြရန် ဖြစ်ပါသည်။”

Passage of Time

ရိုးမသွားနိုင်သည့် ကျက်သရေရှိမှုနှင့် ရဲရင့်ဆန်းပြားမှုကို ပေးဆောင်သည်။

Passage of Time

အရောင်ချပ်၏ ပထမဆုံး အရောင် theme Passage of Time သည် လေးနက်ပြီး ရိုးမသွားနိုင်သော အလှကို ကွက်ကွက်ကွင်းကွင်း ဖော်ပြသည်။ အစိမ်းနှင့် အနီရောင်ကဲ့သို့ ရဲရင့်သော ဂန္တဝင်အရောင်များသည် ဆန်းပြားသော ကျက်သရေရှိမှုကို ဖြစ်ပေါ်စေပြီး ခိုင်ခံ့ပြီး အနုပညာနေရာများ ဖန်တီးရန်အတွက် ပြီးပြည့်စုံသော နောက်ခံကို ပေးစွမ်းသည်။

Sophisticated Red ကို ကျွန်တော်တို့ အရောင်ချပ်အသစ်၏ မျက်နှာစာကာဗာအဖြစ်ရွေးချယ်ခဲ့ပါသည်။ ထိုအရောင်သည် ဂန္တဝင်ဆန်သော အလှတရား ဖြစ်ပါသည်။
အရောင်အသစ်အသစ်တွေအမြဲတမ်းမလိုအပ်ပါဘူး၊ Coffee ဆိုသည့်အရောင်သည် လွန်ခဲ့သည့် နှစ်တွေမှ ကျွန်တော်တို့ ဖန်တီးခဲ့ပြီး ယနေ့ထိတိုင် လှပနေဆဲ အရောင်တစ်ခုဖြစ်နေပါသည်။
Sophisticated Red ကို ကျွန်တော်တို့ အရောင်ချပ်အသစ်၏ မျက်နှာစာကာဗာအဖြစ်ရွေးချယ်ခဲ့ပါသည်။ ထိုအရောင်သည် ဂန္တဝင်ဆန်သော အလှတရား ဖြစ်ပါသည်။
အရောင်အသစ်အသစ်တွေအမြဲတမ်းမလိုအပ်ပါဘူး၊ Coffee ဆိုသည့်အရောင်သည် လွန်ခဲ့သည့် နှစ်တွေမှ ကျွန်တော်တို့ ဖန်တီးခဲ့ပြီး ယနေ့ထိတိုင် လှပနေဆဲ အရောင်တစ်ခုဖြစ်နေပါသည်။

နောက်ကွယ်မှ ဖန်တီးမှုများ

Soulful Spaces — စိတ်ဝိဉာဥ်တွဲပါလျက်ရှိခြင်းကို သင့်ဘဝထဲသို့ခေါ်ယူခြင်းသည် အနုပညာနှင့် လက်တွေ့ပေါင်းစပ်မှုတစ်ခုဖြစ်ပါသည်။

Soulful Spaces — နောက်ကွယ်မှ ဖန်တီးမှုများ
Soulful Spaces — နောက်ကွယ်မှ ဖန်တီးမှုများ

ကြည့်ရှု့ခဲ့သော ဗီဒီယိုတွင်၊ ကမ္ဘာလုံးဆိုင်ရာအရောင်အသွေးနှင့် ပညာရှင်များ အဖွဲ့ကို သင်မြင်တွေ့နိုင်ပါသည် — ၎င်းတို့သည် 2026 အရောင်ချပ် ၏ခံစားချက်နှင့် အဓိပ္ပါယ်ကိုထင်ဟပ်စေရန် အရောင်တစ်ခုစီကို ဂရုတစိုက်ဖန်တီးထားသည်။ ရိုးမသွားနိုင်သော အရာဝတ္ထုများကို ရွေးချယ်ခြင်းမှသည် မျက်နှာပြင်တစ်ခုစီ၏ အလင်းရောင်နှင့် အသွင်အပြင်ကို ပြီးပြည့်စုံစေသည့်အထိ၊ ရုပ်ပုံတစ်ပုံချင်းစီသည် အပြင်အဆင်သုံးမျိုး၏ စိတ်ခံစားမှုဆိုင်ရာ အနှစ်သာရကို ဖမ်းစားနိုင်စေရန်အတွက် အားစိုက်ထုတ်ကြိုးစားခဲ့ကြပါသည်။

“ဤအရောင်ချပ်သည် သင့်အား ငြိမ်းချမ်းမှုကို ဖန်တီးရန်ဖိတ်ခေါ်ပြီး အနားယူချင်စရာကောင်းသော အိမ်လေးအား ဖန်တီးရန် ပံ့ပို့းပေးပါသည်။”

Art of Stillness အရောင်စုသည် ငြိမ်းချမ်းမှုကို ဖန်တီးရန်ဖိတ်ခေါ်ပြီး အနားယူချင်စရာကောင်းသော အိမ်လေးအား ဖန်တီးရန် ပံ့ပို့းပေးပါသည်။ သင့်အိပ်ခန်းကို ဆေးခြယ်ခြင်း၊ စာဖတ်ခြင်း သို့မဟုတ် ပွင့်လင်းသောနေရာကို ခြယ်မှုန်းသည်ဖြစ်စေ ဤအရောင်များသည် ငြိမ်သက်အေးချမ်းသော အခိုက်အတန့်အတွက် နူးညံ့သိမ်မွေ့သောနောက်ခံကို ပေးစွမ်းပါသည်။

သင့်စိတ်ကြိုက်နေရာများဆီသို့ ငြိမ်းချမ်းမှုယူဆောင်လာရန် Art of Stillness အရောင်ချပ်ကို စူးစမ်းပါ။

Art of Stillness

သင့်အိမ်တွင် အေးချမ်းသာယာပြီး အနားယူရန် သင့်တော်ပါသည်။

Art of Stillness

 

Matt ဆေးသားအမှိန် ဖြင့် နက်ရှိုင်းမှုနှင့် ခိုင်မာမှု

အခန်းတွင်းသို့ ကျက်သရေရှိသော အလှတရားဖြင့် အဆင့်အတန်းမြင့်သော အသွင်အပြင်အား သယ်ဆောင်လာရန်အတွက် ကျွန်တော်တို့သည် matt ဆေးသားများအားသုံးလေ့ရှိကြပါသည်။ ဤဆေးသားမျက်နှာပြင်များသည် ပရိဘောဂများ၊ အခြား အခန်းတွင်းအလှဆင်ပစ္စည်းများနှင့် ပေါင်းစပ်လိုက်သည့်အခါ အနုပညာဆန်ဆန် အဆင်အတန်းမြင့်မားသော ဂန္တဝင်အလှကို ပေါ်ပေါက်လာစေပါသည်။

အရောင်ရင့်၊ အရောင်တောက် နှင့် ကျက်သရေရှိခြင်း။ အစိမ်းရင့်ရောင်ဖြစ်သော Northern Mystic အရောင်သည် matt ဆေးသားတွင် လွန်စွာကြည့်ကောင်းပြီး စနစ်တကျရွေးချယ်ထားသော အခန်းတွင်းအလှဆင်ပစ္စည်းများနှင့် ပြီးပြည့်စုံစွာ ပနံသင့် လိုက်ဖက်နေပါသည်။
Northern Mystic သည် အဝါနုရောင်၊ မီးခိုးရောင် သို့မဟုတ် အစိမ်းရောင်၊ နှင်းဆီရွှေရောင်၊ rustic အနီရောင် အစရှိသည့် အခြားအရောင်များစွာနှင့် အံ့သြဖွယ်ကောင်းသော တွဲဖက်မှုကို ဖန်တီးသည်။
အရောင်ရင့်၊ အရောင်တောက် နှင့် ကျက်သရေရှိခြင်း။ အစိမ်းရင့်ရောင်ဖြစ်သော Northern Mystic အရောင်သည် matt ဆေးသားတွင် လွန်စွာကြည့်ကောင်းပြီး စနစ်တကျရွေးချယ်ထားသော အခန်းတွင်းအလှဆင်ပစ္စည်းများနှင့် ပြီးပြည့်စုံစွာ ပနံသင့် လိုက်ဖက်နေပါသည်။
Northern Mystic သည် အဝါနုရောင်၊ မီးခိုးရောင် သို့မဟုတ် အစိမ်းရောင်၊ နှင်းဆီရွှေရောင်၊ rustic အနီရောင် အစရှိသည့် အခြားအရောင်များစွာနှင့် အံ့သြဖွယ်ကောင်းသော တွဲဖက်မှုကို ဖန်တီးသည်။

 

အရောင်များ၏ အောင်ပွဲခံခြင်း

ရိုးမသွားနိုင်သော အရောင်များသည် အိမ်နေရာများ၏ အသွင်အပြင်ကို မြှင့်တင်ပေးရုံသာမက လူနေမှုပုံစံများကိုပါ ပုံဖော်ပေးသည်။ သဘာဝအရောင်များဖြင့် အခြေခံထားသော Soulful Spaces အရောင်ချပ် မှ အရောင်စုတစ်ခုစီသည် ကျက်သရေရှိမှုနှင့် စိတ်ခံစားချက်ပဲ့တင်ထပ်မှုတို့ မျှတစွာရောစပ်ထားသည်။ ၎င်းတို့အနက်၊ Joyful Living အရောင်ချပ်သည် စိတ်ခံစားမှုများကို ကောင်းမွန်စွာမြင့်တင်ပေးသည်။ တက်ကြွသောအစိမ်းရောင်များ၊ နူးညံ့သောပန်းရောင်များနှင့် မြေဆီလွှာအရောင်များဖြင့်၊ အရောင်ချပ်သည် နေ့စဉ်ဘဝတွင် အလွယ်တကူပေါင်းစပ်နိုင်သော နွေးထွေးပြီး အကောင်းမြင်သောခံစားချက်ကို ဖြစ်ပေါ်စေပါသည်။

Joyful Living အရောင်ချပ်ဖြင့် သင့်အိမ်လေးထဲသို့ ပျော်ရွှင်ဖွယ်အရောင်လေးများအား သယ်ဆောင်လာလိုက်ပါ။

Joyful Living

နက်ရှိုင်းသော ခံစားချက်နှင့်အတူ ဟန်ချက်ညီစွာ ကျက်သရေရှိမှု

Joyful Living

Soulful Spaces

အရောင်ချပ်အသစ် Soulful Spaces ကို ကြည့်လိုက်ပါ။

အသွင်ယူဖန်တီးမှုများအား ဆက်လက်ရှာဖွေပြီး Jotun ၏ ၂၀၂၆ အရောင်ချပ်ကို ကြည့်ရှု့လိုက်ပါ။

image

 

တစ်ကမ္ဘာလုံးဆိုင်ရာ ခေတ်စားသောအရောင်များ

Soulful Spaces သည် ဘာသာစကားအမျိုးအစားပေါင်း (၁၅) မျိုး နှင့် နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် အသုံးပြုနေသည့် အရောင်ချပ်ဖြစ်ပါသည်။ အရောင်တစ်ရောင်ချင်းစီတိုင်းအား ဖန်တီးမှု၊ ပေါင်းစပ်မှု၊ အရောင်အရိပ်များအား သေချာစွာနားလည်သိရှိမှုတို့ဖြင့် ဂရုတစိုက်ရွေးချယ်ထားခြင်းဖြစ်သည်။ ဤအရောင်ချပ်တွင် ငြိမ်းချမ်းမှုကိုဖော်ဆောင်သောကြားနေအရောင်များ၊ ခေတ်အဆက်ဆက်အသုံးပြုခဲ့ကြပြီး လှပနေဆဲဖြစ်သော အရောင်ရင့်များ၊ စိတ်ဝိဉာဥ်အားမြှင့်တင်ပေးသော သဘာဝမှအခြေခံသော အရောင်များပါဝင်ပြီး သင်ဖန်တီးလိုသည့် အိမ်နေရာလေးအား ပြီးပြည့်စုံစွာ ပိုင်ဆိုင်ဖန်တီးနိုင်မည်ဟုမျှော်လင့်ပါသည်။

အရောင် ၂၄ ရောင်ပါဝင်သော Soulful Spaces အရောင်ချပ်တစ်ခုလုံးအား ကြည့်လိုက်ပါ။

ဖန်တီးသူ

Jotun's Colour Team

Global Colour Experts အရောင်ကျွမ်းကျင်ပညာရှင်များ

ဒီဇိုင်း၊ သိမြင်မှုနားလည်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို ပေါင်းစပ်ထားသည့် လှုံ့ဆော်ပေးသော အရောင်ပညာရှင်များဖြစ်သည့် Jotun Color Team မှ တင်ဆက်သည်

Jotun's Colour Team

အိမ်အတွင်းပိုင်းဆိုင်ရာ အကြောင်းအရာများ

အကူအညီလိုအပ်ပါသလား?

ကိုယ်စားလှယ်ဆိုင်ကိုရှာရန်

သင့်အိမ်နှင့်အနီးဆုံးကိုယ်စားလှယ်ဆိုင်ကိုရှာဖွေပြီး Jotun အရောင်ပြစင်များ အားကိုယ်တိုင်ကြည့်လိုက်ပါ။

Find the Jotun dealer closest to you
Find the Jotun dealer closest to you